ဗုဒ္ဓဘာသာရဲ့အင်အားတစ်ခု

Wednesday, August 22, 2012

ရှင်သာမဏေဘ၀နဲ့အပြစ်

မေး။ ။ အရှင်ဘုရား ရှင်ပြုစဉ်သာမဏေဘဝမှာမသိ၍ သင့်ခဲ့သောအာပတ်သည်နောင်ရဟန်းပြုလျှင် ထိုအာပတ်သည် ဆက်လက်အကျုံးဝင်နေပါသလားဘုရား။ ဒုတိယအကြီးဆုံးသံဃာဒိသိသ်အာပတ်ဖြစ်ရင် ဘယ်လိုကုစားရမလဲဘုရား။
ဖြေ။ ။ ရှင်သာမဏေများအတွက် လိင်(၁၀)ပါးတွင် တစ်ပါးပါးကိုကျုးလွန်ရင် လူ့အဖြစ် ရောက်သွားပါတယ်။ အဲဒီလိင်(၁၀)ပါးကတော့ 
(၁) သူ့အသက်ကို သေအောင်ကိုယ်တိုင်သတ်ခြင်း, သူတပါးကိုသတ်ခိုင်းခြင်း၊
(၂) အရှင်မပေးသောသူ့ဥစ္စာကို ခိုးယူခြင်း၊ ခိုးခိုင်းခြင်း၊
(၃) မေထုန်မှုကျုးလွန်ခြင်း၊
(၄) လိမ်ညာ၍ပြောခြင်း၊
(၅) သေရည်အရက်တို့ကို သောက်စားခြင်း၊
(၆) ဘုရားရှင်၏ ဂုဏ်သရေကို ကဲ့ရဲ့ခြင်း၊
(၇) တရားတော်၏ ဂုဏ်ကို ကဲ့ရဲ့ခြင်း၊
(၈) သံဃာတော်၏ ဂုဏ်ကိုကဲ့ရဲ့ခြင်း၊
(၉) သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ အယူကို ယူခြင်း၊
(၁၀) ဘိက္ခုနီမကို ဖျက်ဆီးခြင်းတို့ ဖြစ်ပါတယ်။ ကိုရင်ဘ၀နဲ့ ဒီလိင်(၁၀)ပါးထဲက တစ်ပါးပါးကျုးလွန်မိရင် အဲဒီသာမဏေဟာ တိုက်ရိုက်ရဟန်းခံလို့ မရပါ။ လူထွက်ပြီး ကိုရင်ပြန်ဝတ်၍ဖြစ်စေ၊ သာမဏေသီလကို ပြန်လည်ယူလို့ဖြစ်စေ ပြုလုပ်ပြီးမှသာ ရဟန်းဘောင်ကို တက်ရပါတယ်။

အာပတ်နှင့်တကွ စုတေလျှင်

တစ်ခြားဆိုဒ်တစ်ခုက ကူးယူဖော်ပြထားခြင်းပါ
ရဟန်းသံဃာများ အာပတ်နဲ့သေလျှင် အပါယ်ကျတာများတယ်ဆိုတဲ့ အယူဝါဒရှေးရိုးစွဲတွေကြောင့် ရှေးခေတ်အခါက ပညာတတ် ဘုန်းတော်ကြီးများပင် သေခါနီးမှ လူဝတ်လဲသွားကြတာတွေ ကြားဖူးပါတယ်။

တစ်ခါက စစ်ကိုင်းမြို့အနီး တောလက်ကျေးရွာတွင် နှစ်ပေါင်းများစွာ သီတင်းသုံးနေထိုင်ခဲ့တဲ့ နာမည်ကျော်ကြားသော ဆရာတော်တစ်ပါးဟာ အိုမင်းလာချိန်မှာ သူ့ကိုယ်သူ ငါသေခါနီးပြီဟု နှုတ်မြွက်ပြောဆိုကာ သူနေထိုင်တဲ့ကျောင်းတိုက်တာကို ရပ်ရွာအား အပြီးအပိုင်လွဲအပ်ထားပြီး လွတ်လွတ်လပ်လပ် ကျောင်းကနေ ထွက်ခွာသွားခဲ့တယ်။ အရာအားလုံးကို သတိမလစ်စေဘဲ ရှင်းလင်းပြတ်သားစွာ စွန့်လွတ်လှူဒါန်းထားခဲ့ပြီး စိတ်ရှင်းရှင်းနဲ့သံယောဇဉ်အားလုံးဖြတ်ကာ မွေးရပ်မြေကို ဆရာတော်က ပြန်ကြွလာခဲ့တာမို့ ဆရာတော်ရဲ့ ကြွေးဟူသမျှ ဘာကြွေးမှ မကျန်စေရ၊ ငါ၏ ဘ၀တာအတွင်း ကိုယ်ပိုင်ကံတရားကို သန့်ရှင်းစေပြီးမှ လက်ရှိဘ၀ကို အဆုံးသတ်သွားမယ်ဆိုတဲ့ စိတ်ဓာတ်ကိုတော့ ကောင်းသော စိတ်ဓာတ်ဖြစ်တာကြောင့် ချီးကျူးအတုယူသင့်ပါတယ်။

ဥပုသ်နေ့နဲ့ပတ်သတ်သမျှ သိကောင်းစရာများ

ဝါတွင်းကာလလည်း နီးလာပြီးမို့ ဥပုသ်နေ့အကြောင်းနဲ့ပတ်သတ်သမျှကို သိရှိနားလည်ဖို့ရန် လိုမယ်ထင်လို့ မိမိသိရှိသမျှ စုံလင်အောင် ရေးသားတင်ပေးလိုက်ပါတယ်။ ဥပုသ်ဆိုသည်မှာ ဥပေါသထ-ဟူသောပါဠိကို ဥပုသ်-ဟု မြန်မာပြန်ထားကြတာပါ။ ဥပ-ညစာမစားခြင်း၊ မေထုန်ရှောင်ခြင်းစတဲ့ ကောင်းသော အကျင့်များနဲ့ ပြည့်စုံစွာ ၀သထ-နေထိုင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။

 ကိုယ်ကျင့်သီလမပျက်အောင် စောင့်ထိန်းကျင့်သုံးတာကို ဥပုသ်စောင့်တယ်လို့ ခေါ်တာပါ။ ဥပုသ်စောင့်ဖို့ အတွက် နေ့ရက်များကို ဘုရားပွင့်တော်မမူမီကပင် သူတော်ကောင်းတို့ သတ်မှတ်ခဲ့ကြပါတယ်။ ဥပုသ်သီလဆောက်တည်ရန်အတွက် ရှေးအစဉ်အလာကပင် ရက်သတ်မှတ်ထားတာကို အောက်ပါ အတိုင်း တွေ့ရပါတယ်။