ဗုဒ္ဓဘာသာရဲ့အင်အားတစ်ခု

Tuesday, August 21, 2012

ထေရ၀ါဒ ဗုဒ္ဓဘာသာမူ (၅)ရပ်

မဟာသက္ကရာဇ်(၁၀၃)ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ဘီစီ(၅၈၈)-က ဒီကမ္ဘာကြီးမှာ ဗုဒ္ဓရတနာ ပွင့်ထွန်းပေါ်ပေါက်ခဲ့ပါတယ်၊ တဆက်တည်းမှာပဲ မဟာသက္ကရာဇ် (၁၀၃)ခု ၀ါဆိုလပြည့် စနေနေ့ ဘီစီ ၅၈၈ မှာ ဓမ္မရတနာ စတင်ခဲ့သလို မဟာသက္ကရာဇ် (၁၀၃)ခု ၀ါဆိုလပြည့်ကျော် ၂ ရက် တနင်္လာနေ့ ဘီစီ ၅၈၈ ခုမှာ သံဃာရတနာ စတင်ပေါ်ပေါက်ခဲ့ပါတယ်။

မြတ်ဗုဒ္ဓ ဟာ ဘုရားအဖြစ်နဲ့ ၄၅ နှစ် နေပြီး မဟာသက္ကရာဇ် ၁၄၈ ခု၊ ကဆုန်လပြည့် အင်္ဂါနေ့ ဘီစီ ၅၄၃ မှာ ပရိနိဗ္ဗာန် စံလွန်တော်မူပါတယ်၊ ဗုဒ္ဓအဖြစ်နဲ့ ၄၅ နှစ်အတွင်း တာဝန်ကြီး ၂ ရပ်ကို တစ်နေ့လျှင် ၂၂ နာရီ မိနစ် ၂၀ ခန့်မျှ နေမအား ညမနား လူသား, သတ္တ၀ါတို့၏ ကောင်းကျိုးကို မျှော်ကိုး၍ ထမ်းဆောင်တော်မူခဲ့ပါတယ်၊

အဲဒီ တာဝန်ကြီး ၂ ရပ်ကတော့..... (၁) ဓမ္မကို ဟောပြောခြင်း, ဖြေဆိုခြင်း (၂) သံဃာ့အဖွဲ့အစည်းကို ထူထောင်ခြင်းတို့ပဲ ဖြစ်ပါတယ်၊ ထို မြတ်ဗုဒ္ဓ ဟောပြသည့်ဓမ္မအတိုင်း လက်တွေ့လိုက်နာ ကျင့်သုံးသူများကို ဗုဒ္ဓဘာသာဝင်လို့ခေါ်ဆိုပါတယ်၊ ဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်ရန်အတွက် ကျယ်ပြန့်တဲ့ ဥပဒေ တွေ မရှိပါဘူး၊ ဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း, တရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း, သံဃာကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း လို့ ခေါ်တဲ့ သရဏဂုံ သုံးပါးကို လက်ခံလိုက်လို့ ရှိရင် ဗုဒ္ဓဘာသာဝင် အဖြစ်ရောက်ရှိပါတယ်၊

မသေခင် ဆွမ်းကျွေးပါ

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရှိတဲ့သားသမီး တော်တော်များများဟာ
(ကျွန်တော် အပါအ၀င်) မိဘများအသက်ရှိစဉ်မိဘအတွက်ရည်စူးပြီး
ဆွမ်းမကျွေးကြပါဘူး။မေ့မေ့လျော့လျော့ပေါ့ပေါ့ဆဆနဲ့နေကြပါတယ်။
အဲ-သေပြီဆိုမှ သေသေချင်း သက်ပျောက်သပိတ်သွတ်ဖို့ရာဘုန်းကြီး
အပြေးအလွှားပင့်ပြီး သက်ပျောက်သပိတ်သွတ်ကြပါတယ်။ အဲဒါကို
သက်ပျောက် ဆွမ်းကျွေးလို့ ခေါ်ပါတယ်။

နောက်---သေသူမြေချတဲ့ အခါမှာ မြေဆင်းသပိတ် ဆိုပြီး မြေဆင်းဆွမ်း ကျွေးကြပြန်ပါတယ်။(၇)ရက်ပြည့်တဲ့အခါမှာတော့ရက်လည်ဆွမ်းနောက်
တခါ(၁)လ ပြည့်တဲ့အခါမှာလလည်ဆွမ်း၊(၁)နှစ်ပြည့်တဲ့အခါမှာနှစ်လည်
ဆွမ်းကျွေးကြတာ ဓမ္မမိတ်ဆွေများသိရှိကြမှာဖြစ်ပါတယ်။

ဘာသာရေးစည်းမျဉ်းတွေဟာအရေးကြီးပါသလား

ကျွန်တော်တို့တတွေဟာ လူသားတွေပီပီ တိကျကောင်းမွန်တဲ့ စည်းကမ်းတွေရှိသင့်တယ်၊ ကိုယ့်ရဲ့ကောင်းကျိုးအတွက်..ပြီးတော့ အများကောင်းအတွက်ပေါ့၊ ဒါဟာ တကယ်ပဲ ကောင်းတဲ့ လက္ခဏာပါ၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကျင့်တရားတွေကိုစောင့်ထိန်းတဲ့အခါမှာ သူတပါးကိုပါ ကာကွယ်ပြီးသားဖြစ်လို့ပါပဲ၊ ပြီးပြည့်စုံတဲ့လူသားတွေ မဟုတ်သေးလေတော့ အိမ်နီးနားချင်းကောင်းတစ်ယောက်ဆိုတာ ကြီးမားခိုင်ခံ့တဲ့ ခြံစည်းရိုးကောင်းကောင်းရှိတာပါပဲ၊ အဲသလိုမှ မဟုတ်ဘူးဆိုရင် အိမ်နီးနားခြင်းတွေရဲ့ အဖြစ်ဟာ ငြင်းခုန်မှု့ ဆင်းရဲဒုက္ခဖြစ်မှု့တွေနဲ့ နားလည် လွဲမှားမှု့တွေကို ဖြစ်စေနိုင်ပါတယ်။

ခြံစည်းရိုး သို့မဟုတ် နံရံကောင်းကောင်းကြီးကို စိုက်ထူလိုက်တဲ့အခါ ကျွန်တော်တို့တတွေဟာ ကိုယ့်အိမ်ကိုပဲ ကိုယ့်မိသားစုကိုပဲ ကာကွယ်တာမဟုတ်ပါဘူး၊ ကို့ယ့်ရဲ့ အိမ်နီးနားချင်းတွေကိုလည်း ကာကွယ်ပြီးသားဖြစ်ပါတယ်၊ ဒါကြောင့် သီလစောင်းထိန်းတယ်ဆိုတာလည်း ဒီလိုပါပဲ၊ သူတပါးအသက်ကို မသတ်ဘူး..ဒါမှမဟုတ် မငြင်းဆဲဘူးဆိုရင် ကျွန်တော်တို့ဟာ

လူဖြစ်ရကျိုးနပ်၏လော

စာရေးဆရာဒေါက်တာမင်းတင်မွန်ရေးသားခဲ့ဖူးသော ဖီလိုဆိုဖီခေါ် ဒဿနိကဗေဒသည် ဘ၀အကြောင်းနှင့် လောကအကြောင်းတို့ကို တွေးခေါ်ထားကြသည့် အတွေးအမြင်ဆိုင်ရာ ပညာဖြစ်သည်။ အနောက်တိုင်းဒဿနိကပညာရှင်များသည်မောဟမျက်နှာဖုံးစွပ် လျက်နှင့် ပညာနယ်ပယ်တွင်ဘ၀သစ္စာနှင့် လောကသစ္စာများကို ရှာဖွေနေကြရာ ယနေ့တိုင် မတွေ့ရှိကြသေးပါ။ သူတို့ရှာကြံနေကြသော သစ္စာအမှန်တရားအားလုံးတို့သည် ဗုဒ္ဓ အဘိဓမ္မာတွင် အကုန်အရန်သင့်ရှိနေကြ၏။ မှန်ကန်ကြောင်း သိပံနည်းကျ လက်တွေ့ပြပြီး လည်းဖြစ်၏။ ထို့ကြောင့်ဗုဒ္ဓအဘိဓမ္မာ ကိုကမ္ဘာကသိအောင်လုပ်နိုင်လျှင်မြန်မာကိုကမ္ဘာက လေးစားလာရမည် ဖြစ်သည်။ ဤသို့ဆိုလျှင်ဗုဒ္ဓအဘိဓမ္မာကို မလေ့လာမီ ဗုဒ္ဓသာဘာ မြန်မာလူးမျိုးများအနေဖြင့် ကနဦးစွာ တွေးဆင့်သည်က လူဖြစ်ရကျိုးနပ်၏လော။ ဤ အချက်ကို တင်ပြရလျှင်ဗုဒ္ဓမြတ်စွာဟောကြားတော်မူသော ဒုလ္လဘတရား(၅)ပါး ၌ မနုဿ ဘာဝေါဒုလ္လဘောဆိုသည့်အတိုင်းလူ့ဘ၀သည် အလွန်ပင်ခက်ခဲလှပါ၏။ ထိုကြုံတောင့် ကြုံခဲ ရခဲလှသော ဘ၀၌ သူတော်ကောင်းပီသစွာ နေထိုင်ကျင့်ကြံရန် သာ၍ပင်ခက်ခဲ ပါ၏။

ဒုလ္လဘတရား(၅)ပါးမှာ
(၁) ဗုဒ္ဓုပါဒ ဒုလ္လဘ = ဘုရား၏အဖြစ်ကိုရခဲခြင်း။
(၂) မနုဿတ္တဘ၀ ဒုလ္လဘ = လူအဖြစ်ကိုရခဲခြင်း။
(၃) သဒ္ဓါသမ္မတ္တိဒုလ္လဘ = သဒ္ဓါတရားနှင့်ပြည့်စုံသည့် အဖြစ်ကိုရခဲခြင်း။
(၄) ပဗ္ဗဇ္ဖိတာဘာဝ ဒုလ္လဘ = ရဟန်း၏ အဖြစ်ကို ရခဲခြင်း။
(၅) သဒ္ဓမ္မသ၀နအတိဒုလ္လဘ = သူတော်ကောင်းတရားနာကြားခွင့်ကို အလွန်ရခဲခြင်း ။ တို့ဖြစ်ကြ၏။

ဘာသာရေးပြသနာများ

( ဘဒ္ဒန္တ တိလောကသာရ ဖြေသည် )

(မေး) (ဂိလာနအရ လူပုဂ္ဂိုလ် လူမမာ ပါ-မပါ)
အရှင်ဘုရား၊ ယော ဘိက္ခဝေ၊ မံ ဥပဋ္ဌဟေယျ၊ သော ဂိလာနံ ဥပဋ္ဌဟေယျ-ချစ်သားတို့ ငါ့ကိုလုပ်ကျွေးလိုသူသည် ဂိလာနပုဂ္ဂိုလ်ကို လုပ်ကျွေးရာ၏-ဟု ဘုရားဟော ရှိသည်ဟုဆိုပါသည်။ ထိုတွင် ဂိလာနပုဂ္ဂိုလ် ဟူသည်မှာ ရဟန်းဂိလာနကိုသာ ဆိုပါသလော၊ လူဂိလာနများလည်း ပါပါသလော။ သိလို၍ ရှင်းလင်းဖြေကြားပေးတော်မူပါဘုရား။
( ဆရာဝန်တဦး )

( ဖြေ )
ထို ယော ဘိက္ခဝေ-စသော ပါဠိတော်မှာ ဝိနည်းမဟာဝါ ပါဠိတော် ဂိလာနဝတ္ထုကထာ (ဝိ ၃၊ ၄၁၇) လာ စကားရပ်ဖြစ်ရာ သစေ ဥပဇ္ဈာယော ဟောတိ၊ ဥပဇ္ဈာယေန ယာဝဇီဝံ ဥပဋ္ဌာပေတဗ္ဗော (ဥပဇ္ဈာယ်ဆရာ ရှိလျှင် ဥပဇ္ဈာယ်ဆရာက တသက်လုံး လုပ်ကျွေးရမည်) စသည် ဆက်၍ ဟောထားသဖြင့်၎င်း။ အဋ္ဌကထာတွင် သော သံဃဿဘာရော (ဝိဋ္ဌ ၃၊ ၄၁၄) စသည်ဖြင့်၎င်း။ ဖွင့်ဆိုထား၍ ဂိလာနအရမှာ လူပုဂ္ဂိုလ်များနှင့် မဆိုင်၊ သံဃာ (ရဟန်း) ဂိလာနများကိုသာ ဆိုလိုကြောင်း ထင်ရှားပါသည်။

တရားနဲ့ပူဇော်တာအမြတ်ဆုံးလို့ ဘာကြောင့်ပြောရတာလဲ

အမေး။ ။အရှင်ဘုရား….ဘုရားရှင်ပရိနိဗ္ဗာန်စံခါနီးမှာ နတ်ဗြဟ္မာတွေက ပန်းနံ့သာတို့နဲ့ပူဇော်လာကြတာကိုအကြောင်းပြုပြီး ဘုရားရှင်က “ငါဘုရားကို ပန်းနံ့သာတို့နဲ့ ပူဇော်ပေမဲ့ ပူဇော်တယ်လို့ မခေါ်သေးပါဘူး။ သီလ သမာဓိ ပညာ တရားအားလျော်တဲ့အကျင့်ပဋိပတ္တိကို ကျင့်နေတဲ့ ပုဂ္ဂိုလ်မှသာ ငါဘုရားကို အမွန်မြတ်ဆုံး ပူဇော်ခြင်းနဲ့ ပူဇော်ရာရောက်ပါတယ်” လို့ မိန့်တော်မူထားပါတယ်။ တပည့်တော် သိချင်တာက ဘုရားရှင် ဟာ ယခင်က ပစ္စည်းဝတ္ထုနဲ့ ဘုရားရှင်ရဲ့ဂုဏ်ကျေးဇူးကိုဆင်ခြင်ပြီး လှူရင် အကျိုးကြီးမြတ် ကြောင်းကို ဟောကြားတော်မူပါလျှက် ယခုပရိနိဗ္ဗာန် ပြုခါနီးကျမှ ပစ္စည်းနဲ့ပူဇော်တာထက် တရားနဲ့ပူဇော်တာက ပိုပြီး အကျိုးကြီးမြတ်တယ်လို့ ဘာကြောင့် ပစ္စည်းနဲ့ပူဇော်တာကို ပယ်ရတာလဲဘုရား။
မနွယ်နွယ်အေး
ရန်ကုန်

သီလရှင်ဘယ်အချိန်ကပေါ်ပေါက်လာပါလဲ

အမေး။အရှင်ဘုရား… တပည့်တော်သိချင်တဲ့အောက်ပါပြဿနာများကို ဖြေကြားပေးတော်မူပါဘုရား။
(၁)။ သီလရှင်ဘယ်အချိန်က စတင်ပေါ်ပေါက်လာပါသလဲဘုရား။
(၂)။ ဘိက္ခုနီမကို ကိုရင်က ရှိခိုးသင့်ပါသလားဘုရား။
(၃)။ သီလရှင်ကို လူယောင်္ကျားက ရှိခိုးသင့်ပါသလားဘုရား။
(၄)။ ခြင်ဆေးထွန်းလို့ ခြင်သေရင် ပါဏာတိပါတကံထိုက်ပါသလားဘုရား။
အေးသီတာဝင်း
MCC-မြိတ်

ဆုမတောင်းခဲ့ရင်

လူငယ်လေးတစ်ယောက်က လာမေးသွားတယ်။ “ဆုကို ဘုရားမှာ ဘာကြောင့်တောင်းရတာလဲ”တဲ့။ သူသိချင်တာက ဘုရားမှာပဲ ဆုတောင်း၇တာလား ဒီပြင်အခြားနေရာမှာကော ဆုတောင်းလို့ မရဘူးလား။ ဆုက မတောင်းပဲကော မရဘူးလားလို့ မေးချင်တာကို မမေးတတ်တော့ သူမေးတတ်သလို မေးသွားခဲ့တာပါ။

“အကြင်ပုဂ္ဂိုလ်သည် အခြေခံလိုအပ်ချက်ဖြစ်တဲ့ ကုသိုလ်ကောင်းမှုတို့ကိုကား ပြုလုပ်၏။ သို့သော်ကား ထိုသူသည် ဆုတောင်းခြင်းအမှုကိုကား မပြုလုပ်။ ထိုသူ၏ လားရောက်ရာ ဘုံဘ၀ဂတိသည် မသေချာ”လို့ ရှင်တော်မြတ်ဘုရားက ဟောကြားတော်မူခဲ့ပါတယ်။