ဗုဒ္ဓဘာသာရဲ့အင်အားတစ်ခု

Friday, August 17, 2012

ဗုဒ္ဓဘာသာကိုမယုံကြည်ဘဲ သုဂတိဘုံရောက်နိုင်ပါသလား

ကျွန်တော်ဖတ်တာလေးကို Copy ပြန်ပေးလိုက်တာ...
အမေး။ ။ ခရစ်ယာန်မှာတော့ သခင်ယေရှုကို မယုံရင် ငရဲကို အားလုံး ဒိုးပဲ ဘုရား။ ဘယ်လောက်ပဲ လှူ လှူ။ ကျင့်ကျင့် ကောင်းကင်ဘုံကို မရောက်နိုင်ဘူး လို့ ကျမ်းစာက အတိအလင်း ဆိုထားပါတယ်ဘုရား။တပည့်တော်သိချင်တာက ဗုဒ္ဓဘာသာကို မကိုးကွယ်ဘဲ ရတနာသုံးပါးကို မယုံကြည်ဘဲ ကောင်းရာမွန်ရာ (သုဂတိဘုံတွေ) ကို ရောက်နိုင်သလား။
ဆလိုင်း ဟန်သာစန်း
နယူးဒေလီ

သာသနာကို ဖျက်စီးသည့် မိစ္ဆာဒိဋ္ဌိများ

ကပြားဗုဒ္ဓဘာသာ
ကြက်လဲမရောက်၊ ကျီးမမြောက်သား ၊
အောက်ကလိအာ၊ အာကလိအောက် ၊
မနာစောက်အောင်၊ မိနောက်မကျေ ၊
ဘနောက်မမီ၊ မပီမပွန် ၊
တွန်တကျယ်ကျယ်၊ ကြက်ကျီးငယ်သို့ ၊
တင့်တယ်မဲ့စွာ၊ ပညာမကြီး ၊
ဗန္ဓတ်ကျီးသို့၊ နှုတ်သီးမစောင့် ၊
စိတ်မဖြောင့်ဘူး။
မန်လည်ဆရာတော်ဘုရားကြီး (မဃဒေ၀)

လူတိုင်းကိုဖတ်စေချင်တယ်

ကဲပြောပြီ..အမှားနဲ့ပတ်သတ်ပြီးပြောချင်တာပါ။ကျွန်တော်လိုမလောက်လေး
မလောက်စားကဒီလိုပြောလို့အပြစ်တင်ချင်လဲတင်ပါ။အမှားနဲ့ပတ်သတ်ပြီး
မပြောခင်..မြတ်စွာဘုရားပြောတဲ့စကားကိုအရင်တင်ပြလိုပါတယ်။
မြတ်စွာဘုရားလို့ပြောလိုက်လို့တခြားဘာသာဝင်တွေကငါတို့နဲ့
မဆိုင်ဘူးဆိုပြီး..ကျော်မဖတ်စေချင်ပါ။ဗုဒ္စဘာသာဆိုတာကို မေ့ထားပြီး
တင်ပြလိုက်တဲ့ အတွေးအမြင်ကိုသာလျှင် ကိုယ့်အတွက်ကျန်အောင်ယူ
တတ်ဖို့သာ အရေးကြီးတာပါပဲဆိုတဲ့ ဆရာအောင်သင်း၏စကားကိုယူသုံးရ
ပါလိမ့်မည်။မြတ်စွာဘုရားဒေသစာရီ လှည့်လည်တော်မူရင်း လို့ဘုရားစကား
နဲ့ပြောလိုက်ရင် လူငယ်တွေကိုချော့မသိပ်ပဲအိပ်ပျော်သွားလိမ့်မယ်။

ဘုရားရှင်က ကျားမ တန်းတူထားပါသလား

တစ်ဆင့်ပြောပြပေးလိုက်တာပါ













အမေး။ ။အရှင်ဘုရား….ဓမ္မမိတ်ဆွေအမျိုးသမီးကြီးတစ်ဦးက ပြောပါတယ်။ သူဟာ မြတ်စွာဘုရားကိုတော့ ကြည်ညိုပါတယ်။ဒါပေမဲ့ ဘိက္ခုနီမ တွေမှာ ပါရာဇိက (၈)ပါးအထိ ပညတ်ထားခြင်း၊ ဂရုဒဏ်တရား(၈)ပါးလိုက်နာနိုင်မှ ဘိက္ခုနီမပြုလုပ်ရခြင်း၊ အခုအခါ ဗမာပြည်က ဘုရားအချို့ပေါ်မှာ မိန်းမမတက်ရခြင်း၊ နိယတဗျာဒိတ်ကို မိန်းမမခံရခြင်း စတာတွေဟာ အမျိုးသမီးများကို ဖိနှိပ်ထားတဲ့သဘောဖြစ်နေပါတယ်။ ဒါတွေကို ထောက်ပြီး မြတ်စွာဘုရားဟာ (discrimination) ကျားမခွဲခြားတယ်လို့ မြင်နိုင်ပါသလား။ တကယ်လို့ ဘုရားရှင်ဟာ အင်္ဂလန်မှပွင့်ခဲ့မယ် ဆိုရင် ဒီစည်းကမ်းတွေမထားဘဲ ကျားမ တန်းတူထားနိုင်မှာလား လို့ မေးလာပါတယ်။ တပည့်တော်က အရှင်ဘုရားဖြေပါလိမ့်မယ်လို့ပဲ အာမခံခဲ့ပါတယ်ဘုရား။ ဒါကြောင့် ကမ္ဘာ့အမျိုးသမီးထုကြီးတစ်ရပ်လုံးအတွက် ဖြေကြားပေးတော်မူပါဘုရား။
Dr. တင့်ဇင်ဦး
မန်းစဖီးလ်၊အင်္ဂလန်

ဗုဒ္ဓဘာသာဝင် (၅)မျိုး

ကျွန်တော်တို့တွေသည် ဘာသာတရားအရပြောရရင် ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပါတယ်။

ကျွန်တော်တို့ဘုရားသည် သစ္စာလေးပါးကိုကိုယ်ပိုင် ဉာဏ်ဖြင့်သိမြင်ကာ သဗ္ဗညုတဉာဏ်တော်ကို ရရှိခဲ့ ပါတယ်။ ဘုရားရှင်က မိမိကိုယ် တိုင်သိမြင်တော်မူသကဲ့သို့ သတ္တ၀ါတို့ကိုလည်း သိတော်မူစေရန် (၄၅)၀ါ ကာလပတ်လုံး တရားတော်များဟောကြားတော်မူခဲ့ပါတယ်။

ဘုရားရှင်ဟောကြားခဲ့သော သစ္စာတရားတော်များအတိုင်း နားထောင်နိုင်ပြီး လေးစားနိုင်ပြီး

(၁)သိရမယ့်သစ္စာကို သိအောင်ကြိုးစားတယ် (ဒုက္ခသစ္စာ)၊

(၂)ပွားရမယ့်သစ္စာကို ရအောင်ပွားများတယ် (မဂ္ဂသစ္စာ)၊

(၃)ပယ်ရမယ့်သစ္စာကို ပယ်ပြီးတော့ (သမုဒယသစ္စာ)၊

(၄)မျက်မှောက်ပြုရ မယ့်သစ္စာကို မျက်မှောက်ပြုနိုင်အောင်(နိရောဓသစ္စာ) ကြိုးစားအားထုတ်ကြရင် ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်ပါလိမ့်မည်။

ဘုရားရှင်ရဲ့ဝါဒဟာ ၀ိဘဇ္ဇ၀ါဒ ဖြစ်ပါတယ်။ မြန်မာလိုပြောရရင် ကိုယ်ပိုင်ဉာဏ်သုံးကာ ဝေဖန်ပိုင်းခြားတဲ့ ၀ါဒဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ ဝင်ငါးမျိုးရှိပါ တယ်။

ဗုဒ္ဓဘာသာဆိုတာ?

ဗုဒ္ဓဘာသာဆိုတာကို ကျွန်တော်သိသလောက်လေးပါ
ဗုဒ္ဓ  = ဘုရား
ဘာသာ = အယူ
အားလုံးပေါင်းလိုက်တော့ ဘုရားအယူ
ဗုဒ္ဓဘာသာရဲ့ လမ်းစဉ်က ကံ ကံ၏ အကျှိုးကို
ယုံကြည်ခြင်း ဖြစ်တယ်။
ကျွန်တော်တို့သည် ဗုဒ္ဓဘာသာကို မိရိုးဖလာ
ကိုးကွယ်တာ မဟုတ်ဘဲ ကိုယ်တိုင်သိအောင်
လေ့လာရမယ်။ မသိသေးပါက သိတဲ့ ရဟန်းတော်တွေ
ဆီမှာ သင်ယူပါ။ ကိုယ်တိုင်သိတဲ့ ဗုဒ္ဓဘာသာကို
ရအောင် ဆည်းပူးကြပါလို့ တိုက်တွန်းရင်း........