ဗုဒ္ဓဘာသာရဲ့အင်အားတစ်ခု

Friday, August 17, 2012

လူတိုင်းကိုဖတ်စေချင်တယ်

ကဲပြောပြီ..အမှားနဲ့ပတ်သတ်ပြီးပြောချင်တာပါ။ကျွန်တော်လိုမလောက်လေး
မလောက်စားကဒီလိုပြောလို့အပြစ်တင်ချင်လဲတင်ပါ။အမှားနဲ့ပတ်သတ်ပြီး
မပြောခင်..မြတ်စွာဘုရားပြောတဲ့စကားကိုအရင်တင်ပြလိုပါတယ်။
မြတ်စွာဘုရားလို့ပြောလိုက်လို့တခြားဘာသာဝင်တွေကငါတို့နဲ့
မဆိုင်ဘူးဆိုပြီး..ကျော်မဖတ်စေချင်ပါ။ဗုဒ္စဘာသာဆိုတာကို မေ့ထားပြီး
တင်ပြလိုက်တဲ့ အတွေးအမြင်ကိုသာလျှင် ကိုယ့်အတွက်ကျန်အောင်ယူ
တတ်ဖို့သာ အရေးကြီးတာပါပဲဆိုတဲ့ ဆရာအောင်သင်း၏စကားကိုယူသုံးရ
ပါလိမ့်မည်။မြတ်စွာဘုရားဒေသစာရီ လှည့်လည်တော်မူရင်း လို့ဘုရားစကား
နဲ့ပြောလိုက်ရင် လူငယ်တွေကိုချော့မသိပ်ပဲအိပ်ပျော်သွားလိမ့်မယ်။

လူငယ်နားဝင် နားလည်အောင်ခေတ်စကားနဲ့ပြောမယ်။မြတ်စွာဘုရားက
ခရီးထွက်တယ်ပေါ့။ရွာတစ်ရွာကိုရောက်တယ်။ရွာနာမည်ကကေသ
မုတ္တိခေါ်တယ်။အဲ့ဒီရွာမှာ ကာလမလင်းတို့နေတယ်။ဒါနဲ့ ကာလမမင်း
တို့ကလည်းဟာ...ဂေါတမဆိုတာ တော်တော်နာမည်ကြီးတာပဲ ။ငါတို့ရွာရောက်
တုန်းစကားပြောရင်းဆွေးနွေးရအောင် ဆိုပြီးပုဏ္ဏးတစ်စုရောက်လာကြတယ်။
ပုဏ္ဏားဆိုတာ မျိုးရိုးမြင့်ပြီး ပညာတတ်တော့ ဘုရားကိုသိပ်ပြီး အထင်ကြီးတာ
မဟုတ်ဘူး။သူတို့ကဘုရားကိုပြောတယ် သူတို့ဆီကိုဒသနပညာရှင် တွေလာသ
လားမမေးပါနဲ့တော့တစ်ယောက်လာလိုက်ရင်လည်း ငါ့အယူဝါဒကမှမှန်တယ်။
နောက်တစ်ယောက်လာရင်လည်း သူ့ဝါဒကမှမှန်တယ်။ကြာတော့ဘယ်သူပြော
တာကိုယုံရမှန်းမသိတော့ပါဘူး။
ဒါနဲ့ဘုရားကလည်းဟုတ်တာပေါ့ ပြောတိုင်းယုံလို့ဘယ်ဖြစ်မလဲ ။ဒီလို
သံသယဆိုတာဖြစ်ကိုဖြစ်ရမှာပါဘဲ။ ပြောသံကြားယုံနဲ့မယုံနဲ့၊ရှေးရိုးစဉ်ဆက်စ
ကားရယ်လို့လည်းမယုံနဲ့၊အဲ့သလိုဖြစ်ဖူးသတဲ့လို့လည်းမယုံနဲ့၊အဖေအမေပြောလို့
လည်းမယုံနဲ့၊စာပေကျမ်းဂန်ထဲမှာပါတယ်လို့လည်းမယုံနဲ့၊ကိုယ့်ဘာသာတွေးမိကြံ
မိတာလောက်နဲ့လည်းမယုံနဲ့၊ကိုယ်ခံယူချက်နဲ့တူတယ်လို့လည်းမယုံနဲ့၊မြတ်စွာဘုရား
ကငါပြောတာကိုလည်းမယုံနဲ့၊ကိုယ်ပိုင်ဥာဏ်နဲ့အထပ်ထပ်စဉ်းစားပြီးသေချာပြီဆို
တော့မှ လက်ခံယုံကြည်ပါ လို့ပြောခဲ့ဖူးတယ် ။
ကျွန်တော်ပြောချင်တာက နေအဖွဲ့အစည်းနဲ့ပတ်သတ်ပြီး ကျောင်းသုံးဖတ်
စာအုပ်မှာဂြိုဟ်၉လုံးပါ။အခုနိုင်ငံတကာမှာဂြိုဟ်၈လုံးလို့လက်ခံယူဆနေကြပါတယ်။
နေနဲ့အဝေးဆုံ့းဖြစ်တဲ့ပလူတိုဂြိုဟ်ကိုဂြိုဟ်အင်္ဂါရပ်နဲ့မညီလို့ဂြိုဟ်စာရင်းကပယ်ဖျက်
လိုက်ပါပြီ။ထိုင်းနိုင်ငံသုံးကျောင်းသုံးမှာလည်းပြုပြင်လိုက်ပြီလို့သိရပါတယ်။မြန်မာ
နိုင်ငံမှာလည်းပြုပြင်သင့်ပြီလို့ထင်ပါတယ်။နေအဖွဲ့အစည်းနဲ့ပတ်သတ်ပြီးအရင်က
တည်းကအတိုက်အခံကရှိနေခဲ့တာပါ။ဟိုအရင်ခရစ်ယာန်ဘုန်းတော်ကြီးတွေတန်ခိုး
ကြီးမားတဲ့ခေတ်မှာ လူတွေကသူတို့ပြောတာကိုယုံကြည်ကြတယ်။
အရစ္စတိုတယ်ခေတ်ပေါ့။သူကနေအပါအ၀င်တခြားဂြိုဟ်တွေကကမ္ဘာကို
ဗဟိုပြုပြီးလည်ပတ်နေတယ်လို့ယူဆတာကိုလက်ခံယုံကြည်ကြတယ်။ကော့ပါးလ်နီကပ်
ပညာရှင်ကသူကိုယ်တိုင်တီထွင်ထားတဲ့ အဏုကြည့်မှန်ပြောင်းနဲ့ကောင်းကင်ကိုကြည့်
လိုက်တဲ့အခါမှာလူတွေလက်ခံထားတာမှားနေတယ်ဆိုတာကိုတွေ့ရှိသွားတယ်။ဒါပေမဲ့
သူကထုတ်ဖော်မပြောကြားခဲ့ပါ။သူ့တပည့်ဖြစ်တဲ့ဂယ်လေလီယိုဂါလီလေးကိုတော့ပြော
သွားခဲ့တယ်။ဒါနဲ့ဂါလီလေးလည်းမနေနိုင်လို့ထပြောတယ်။သူပြောတာကကမ္ဘာအပါအ၀င်
တခြားဂြိုဟ်တွေကနေကိုဗဟိုပြုပြီးလှည့်လည်နေတယ်ဆိုတာပါပဲ။ယနေ့မှာလည်းသူ
ပြောတာကိုလက်ခံနေကြပါပြီ။ထိုခေတ်ကအယူဝါ ဒတွေအားပြိုင်နေကြတော့ဂယ်လီလေး
ပြောတာကိုသူတို့ကိုဆန့်ကျင်တယ်ဆိုပြီး ထောင်သွင်းအကျဉ်းချထားခြင်းခံခဲ့ရတယ်။
ဂြိုဟ်ကြီးကအမှန်တကယ်၈လုံးဆိုတာကိုပဲကျွန်မလက်ခံပါတယ်။မြန်မာတို့ရဲ့ဘုရား
တည်ထားပုံကိုလေ့လာကြည့်မယ်ဆိုရင် ကောင်းကင်ရဲ့နေအဖွဲ့အစည်းကို အခြေ့ခံပြီးတည်
ဆောက်ထားတယ်ဆိုတာကိုတွေ့ရပါတယ်။ဒါကြောင့်ဂြိုဟ်တိုင်က၈တိုင်ဖြစ်နေတာပါ။
အင်္ဂလိပ်မှာနေ့၇နေ့ရှိပေမဲ့မြန်မာမှာနေ့၈နေ့ရှိနေတာပါ။ရာဟုဆိုတာပိုလာရခြင်းဖြစ်ပါတယ်။
ဘုရားတည်ထားတဲ့အလယ်နေရာကနေကိုကိုယ်စားပြုထားပြီးဂြိုဟ်များဝန်းရံသကဲ့သို့ဂြိုလ်
၈တိုင်ဝန်းရံထားတာပါ။
ထို့ကြောင့်ဘုရားကိုသွားလျှင်ဘာလို့ နာရီလက်တံအတိုင်းလက်ယာရစ်လှည့်ရသလဲ
ဆိုတော့ကောင်းကင်မှာဂြိုဟ်တွေကနာရီလက်တံအတိုင်းလှည့်လည်နေလို့ပါပဲ။မိမိ၏ ဥပမာ - ရေစုန်ကိုစီးဆင်းသွားလျှင်သက်တောင့်သက်သာရှိလှပေမဲ့ရေဆန်ဆိုလျှင်ပင်ပန်းခက်ခဲတယ်
ဆိုတဲ့သဘောပါပဲ။နာရီလက်တံပြောင်းပြန်ဆိုလျှင်ကိုယ့်ရဲ့ကံတရားတွေကနှောင့်နှေးမယ်လို့
ယုံကြည်ကြလို့ပါပဲ။

ကဲငါပြောတာလည်းမယုံနဲ့ကိုယ်ပိုင်ဥာဏ်နဲ့အထပ်ထပ်စဉ်းစားပြီသေချာပြီဆိုတော့
မှလက်ခံယုံကြည်ပါ။အမှားလေးတွေပြင်သင့်ပြီလို့ကျွန်မအမြင်ကိုတင်ပြခြင်းဖြစ်ပါတယ်။

No comments:

Post a Comment