ဗုဒ္ဓဘာသာရဲ့အင်အားတစ်ခု

Tuesday, August 21, 2012

လူဖြစ်ရကျိုးနပ်၏လော

စာရေးဆရာဒေါက်တာမင်းတင်မွန်ရေးသားခဲ့ဖူးသော ဖီလိုဆိုဖီခေါ် ဒဿနိကဗေဒသည် ဘ၀အကြောင်းနှင့် လောကအကြောင်းတို့ကို တွေးခေါ်ထားကြသည့် အတွေးအမြင်ဆိုင်ရာ ပညာဖြစ်သည်။ အနောက်တိုင်းဒဿနိကပညာရှင်များသည်မောဟမျက်နှာဖုံးစွပ် လျက်နှင့် ပညာနယ်ပယ်တွင်ဘ၀သစ္စာနှင့် လောကသစ္စာများကို ရှာဖွေနေကြရာ ယနေ့တိုင် မတွေ့ရှိကြသေးပါ။ သူတို့ရှာကြံနေကြသော သစ္စာအမှန်တရားအားလုံးတို့သည် ဗုဒ္ဓ အဘိဓမ္မာတွင် အကုန်အရန်သင့်ရှိနေကြ၏။ မှန်ကန်ကြောင်း သိပံနည်းကျ လက်တွေ့ပြပြီး လည်းဖြစ်၏။ ထို့ကြောင့်ဗုဒ္ဓအဘိဓမ္မာ ကိုကမ္ဘာကသိအောင်လုပ်နိုင်လျှင်မြန်မာကိုကမ္ဘာက လေးစားလာရမည် ဖြစ်သည်။ ဤသို့ဆိုလျှင်ဗုဒ္ဓအဘိဓမ္မာကို မလေ့လာမီ ဗုဒ္ဓသာဘာ မြန်မာလူးမျိုးများအနေဖြင့် ကနဦးစွာ တွေးဆင့်သည်က လူဖြစ်ရကျိုးနပ်၏လော။ ဤ အချက်ကို တင်ပြရလျှင်ဗုဒ္ဓမြတ်စွာဟောကြားတော်မူသော ဒုလ္လဘတရား(၅)ပါး ၌ မနုဿ ဘာဝေါဒုလ္လဘောဆိုသည့်အတိုင်းလူ့ဘ၀သည် အလွန်ပင်ခက်ခဲလှပါ၏။ ထိုကြုံတောင့် ကြုံခဲ ရခဲလှသော ဘ၀၌ သူတော်ကောင်းပီသစွာ နေထိုင်ကျင့်ကြံရန် သာ၍ပင်ခက်ခဲ ပါ၏။

ဒုလ္လဘတရား(၅)ပါးမှာ
(၁) ဗုဒ္ဓုပါဒ ဒုလ္လဘ = ဘုရား၏အဖြစ်ကိုရခဲခြင်း။
(၂) မနုဿတ္တဘ၀ ဒုလ္လဘ = လူအဖြစ်ကိုရခဲခြင်း။
(၃) သဒ္ဓါသမ္မတ္တိဒုလ္လဘ = သဒ္ဓါတရားနှင့်ပြည့်စုံသည့် အဖြစ်ကိုရခဲခြင်း။
(၄) ပဗ္ဗဇ္ဖိတာဘာဝ ဒုလ္လဘ = ရဟန်း၏ အဖြစ်ကို ရခဲခြင်း။
(၅) သဒ္ဓမ္မသ၀နအတိဒုလ္လဘ = သူတော်ကောင်းတရားနာကြားခွင့်ကို အလွန်ရခဲခြင်း ။ တို့ဖြစ်ကြ၏။


ဤအထဲမှ ခက်ခဲလှသော လူအဖြစ်ကိုရဘိငြားသော်လည်း ဗုဒ္ဓဘာသာ ထွန်းကား ရာ အရှေ့ တောင်အာရှဒေသ ၌ လူဖြစ်ရန်မှာ ပို ၍ပင်ခက်ခဲလှပါသည်။ သို့ပါသော်လည်း သာသနာ အရောင်ထွန်းလင်းပြောင်သည့် ရွှေမြန်မာတွင် လူဖြစ်ပါလျှက် သဒ္ဓါတရားနှင့် မ ပြည့်စုံလျှင် ရဟန္တာအဖြစ်သည်လည်း ရနိုင်မည်မဟုတ်ပေ။ လူဖြစ်ရကျိုးနပ်၏လော။ သူတော်ကောင်း၊ ရဟန္တာပေါ်ကြွယ်ဝသော မြန်မာနိုင်ငံ၌ သူတော်ကောင်းတရား နာကြားခြင်းမရှိခဲ့ပါလျှင် အဘယ်မှာ လူဖြစ်ရကျိုးနပ်ပါမည်နည်း။ စဉ်းစားကြည့်လျှင် အတွေးအမြင်အရိပ်ထင် နိုင်ပါသည်။ ကျွန်တော်ကြားမိပါသည် မြန်မာမှာလူဖြစ်ရတာ လူ ဖြစ်ရှုံးသည်တဲ့။ ထိုစကား မျိုးကို ဆိုသူမှာလည်း လူမိုက်များသာဖြစ်ပါလိမ့်မည်။ လူ့ပြည် ရောက်လို့မှ လူ့တန်ဆာ မဆင်ယဉ် လူ့အရာမ၀င်ဖြစ်တော့မပေါ့။ တရားတုတွေကျင့်နေ ကြလို့ ဗုဒ္ဓ၀ါဒ ပြယ်ရတာပါ။ ပညာတွေအမျိုးမျိုးသင်နေကြသော်လည်း အကျင့်တွေပျက်၊ တရားတွေပျက် ဆင့်တက် ကာမှားလေတော့ လူဖြစ်ရသည့် အရေးတွးဆလို့ရင်လေး မိပါတယ်။
မိုးကုတ်ဆရာတော်ဘုရားကြီးကတော့ ဒကာထွန်းတင်အား ဤသို့မိန့်မြွက်ခဲ့ ပါတယ်။ "အခုလိုသိပ္ပံပစည်းတွေထွန်းကားလာပြီးတော့ အသံတွေ ဖမ်းယူနိုင်တာဟာ အသုံးချတတ်ရင် နိဗ္ဗာန်ရောက်ဖို့ပဲကွ၊ အသုံးမချတတ်ရင် အပါယ်ငရဲဇောက်ထိုးဆင်းဘို့ပဲ၊ သတိတော့ရှိဘို့လိုတယ်"တဲ့ ဤသို့မိန့်ဆိုခဲ့လျှင် ပြည်ပမှာပညာသင်နေရသော်လည်း မြန်မာတို့အနေနှင့် ဗုဒ္ဓဘာသာ သာသနာကို ရောက်လေရာမှာဆင့်ကာပွားရင်း လူဖြစ်ရ ကျိုးနပ်မည်မှာ ဧကန်မုချပေါ့။ "အမှတ်မှားတော့ အသိမှားတယ်၊ အသိမှားတော့ အယူမှားတယ်။ အမှားသုံးချက်နဲ့ပဲ လမ်းဆုံးတော့ သေမင်းနိုင်ငံမှာပဲ သေမင်းခန္ဓာ ထိုးအပ်ရတယ်။ ထိုအမှားသုံးချက် မလွတ်သေး၍အပါယ်ဆိုတာ မလွတ်မြောက်နိုင်။"
ဤသို့လည်းမိုးကုတ်ဆရာတော်ဘုရားကြီးက မိန့်ကြားခဲ့ပါတယ်။ အယူမှားခြင်းဟာ သာသနာအဝေးထွက်ပြေးသလိုပါပဲ။ ယခုချိန်ခါဟာဆိုရင် သာသနာဖျားကာလို့ဆို ကြတယ်။ သာသနာဖျားကာလဆိုသည်မှာ သာသနာကို ဆိုခြင်း မဟုတ်ပါ။ မိမိတို့ ကြုံတွေ့ နေရသော အခြေအနေဖျားကာလကို ဆိုလိုပါတယ်။ အဲသလိုအခြေအနေမျိုးမှာ လူ ဖြစ်ရကျိုးမနပ်လျှင်ဗုဒ္ဓတရားမနာကြားလျှင် လောက ၌ အမိုက်ဆုံးလူးသားပဲဖြစ်ချေမည်။ သာသနာနှင့် ကြုံတုန်း လူဖြစ်ပါလျက် ဗုဒ္ဓတရားမလိုက်စားလျှင် အပါယ်ဆိုတာ ပြေးလို့လွတ်မည် မဟုတ်ချေဘူး။ ဒီဘ၀မှ သေလွန် ၍သာသနာမထွန်းကားရာအရပ်ဒေသ၊ တိရစ္တာန်၊ မှားယွင်းသော အယူဝါဒစသဖြင့် ရပ်ပြစ်ရှစ်ပါး ၌ လူဖြစ်ပြန်လျှင် မလွဲဧကန် အပါယ်ဘုံသို့ ကျရပေဦးမည်။ ဘယ်မှာလျှင် သံသရာမှလွတ်ပါဦးမည်နည်း။ ဤသည်ကို မျှော်တွေးလို့ စာဆိုကျော် ပညာရှိစလေဦးပုညက အောက်ပါအတိုင်းစပ်ဆိုခဲ့သည်ကို ဓမ္မ သံဝေဂယူကြပါကုန်။

ယခုခါမူ၊ လူလည်းဖြစ်လာ
သာသနာလည်းထွန်းခိုက် ၊ အမြိုက်တရား
ဟောကြားမည့်သူ၊ လူလည်းမရှား
သို့ပါလျက်သားနှင့်မှ
တရားမလိုက် ၊ အမှားကိုကြိုက်ကြလျှုင်
အမိုက်တကာ့ဗိုလ်မင်း ၊ အဖျင်းတကာ့ဗိုလ်ချုပ်
အပါယ်လေးလီ ၊ မြစ်နဒီတွင် ၊ ပလုံစီမြုပ်လို့
လူယုတ်ကြီးတွေ ဖြစ်ချိမ့်မည်။

ထိုအချက်ကို တွေးကြည့်လျှင် လူလည်းဖြစ်လာရပြီ၊ သာသနာနှင့်လည်းကြုံပြီ၊ ဟောကြားနေသော ရဟန်းသာဝကများလည်း ပေါများလှ၏။ ဤကဲ့သို့ ကြုံလျက်နဲ့မှ အကျင့်ပျက်၊ တရားပျက်၊ စရိုက်ပျက်၊ မူပျက်နေရင်တော့ လူဖြစ်ရကျိုးနပ်မှာ မဟုတ်ပါဘူး။ အသင်တို့သည် ပြည်ပမှာ ပညာသင်ကြားရခြင်း၊ နေထိုင်ရခြင်းကြောင့် အကျင့်ပျက်၊ တရားပျက် မ၀င်မိစေပါနှင့်။ ဥာဏ်နှင့် ယှဉ် ၍တွေးဆကြည့်ပါ။ စိတ်သည် မကောင်းမှု ၌
သာမွေ့လျော်၏။ စိတ်ကိုဥာဏ်၊ သတိနှင့် ထိန်းပေးရမည်။ ဗုဒ္ဓတရားတော်များ များစွာနား ကြားရမည်။ သာသနာနှင့်ဝေးရာအရပ်ဒေသတွင် နေထိုင်နေရသော်ငြားလည်း တရား တော်များကို အခါအားလျော်စွာနားကြားနေရင် လူဖြစ်ရကျိုးနပ်ပါသည်။ ဤစာစောင်ကို ဖတ်ရှုသောသူအပေါင်းတို့သည် "မိမိလူဖြစ်ရကျိုးနပ်၏လော" ဆိုသောမေးခွန်းကို ကိုယ်တိုင်မေး၍ ကိုယ်တိုင်ဖြေကြားနိုင်လိမ်မယ်လို့ မျှော်လင့်ပါသည်။ သူတော်ကောင်း ဥစ္စာခုနှစ်ဖြာဖြစ်သော သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟီရိ၊ သြတ္တပဆိုသည့် တရားတော်နဲ့အတူ ကျင့်ကြံနေထိုင်ရင်း လူဖြစ်လာရ လူ့ဘ၀ လူဖြစ်ရကျိုးနပ်ပါစေ။ ထို့ကြောင့် တရားချစ်ခင် စိတ်ကောင်းဝင်ကြသောသူများ သတိမေ့လျော့နေသူများ အ တိုင်းအတာတစ်ရပ်အထိ သတိတရားဖြစ်စေရန် ဤစာစောင်က အထောက် အပံ့ပြုလိမ့်မည်ဟု ယုံကြည်မိပါသည်။ ကိုယ်တိုင်လည်း ကျင့်ကြံအားထုတ်နေသကဲ့သို့ တစ်ပါးသော သူတို့အားလည်းတိုက်တွန်းနှိုးဆော်ကြပါကုန်။ ပြည်တွင်းပြည်ပ ပညာ သင်ကြားနေစဉ် ဘေးအန္တရာယ်ကင်းရှင်းပြီး ရည်မှန်းချက်ပြည့်စုံကာ နိုင်ငံအကျိုး၊ သာသနာအကျိုး သယ်ပိုးနိုင်ပါစေကြောင်း၊ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ပါ စေကြောင်း တိုက်တွန်းနှိုးဆော်ရင်း ဤစာစောင်ဖြင့် ဓမဒါနပြုအပ်ပါသည်။

No comments:

Post a Comment