ဗုဒ္ဓဘာသာရဲ့အင်အားတစ်ခု

Tuesday, August 21, 2012

ဘာသာရေးစည်းမျဉ်းတွေဟာအရေးကြီးပါသလား

ကျွန်တော်တို့တတွေဟာ လူသားတွေပီပီ တိကျကောင်းမွန်တဲ့ စည်းကမ်းတွေရှိသင့်တယ်၊ ကိုယ့်ရဲ့ကောင်းကျိုးအတွက်..ပြီးတော့ အများကောင်းအတွက်ပေါ့၊ ဒါဟာ တကယ်ပဲ ကောင်းတဲ့ လက္ခဏာပါ၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကျင့်တရားတွေကိုစောင့်ထိန်းတဲ့အခါမှာ သူတပါးကိုပါ ကာကွယ်ပြီးသားဖြစ်လို့ပါပဲ၊ ပြီးပြည့်စုံတဲ့လူသားတွေ မဟုတ်သေးလေတော့ အိမ်နီးနားချင်းကောင်းတစ်ယောက်ဆိုတာ ကြီးမားခိုင်ခံ့တဲ့ ခြံစည်းရိုးကောင်းကောင်းရှိတာပါပဲ၊ အဲသလိုမှ မဟုတ်ဘူးဆိုရင် အိမ်နီးနားခြင်းတွေရဲ့ အဖြစ်ဟာ ငြင်းခုန်မှု့ ဆင်းရဲဒုက္ခဖြစ်မှု့တွေနဲ့ နားလည် လွဲမှားမှု့တွေကို ဖြစ်စေနိုင်ပါတယ်။

ခြံစည်းရိုး သို့မဟုတ် နံရံကောင်းကောင်းကြီးကို စိုက်ထူလိုက်တဲ့အခါ ကျွန်တော်တို့တတွေဟာ ကိုယ့်အိမ်ကိုပဲ ကိုယ့်မိသားစုကိုပဲ ကာကွယ်တာမဟုတ်ပါဘူး၊ ကို့ယ့်ရဲ့ အိမ်နီးနားချင်းတွေကိုလည်း ကာကွယ်ပြီးသားဖြစ်ပါတယ်၊ ဒါကြောင့် သီလစောင်းထိန်းတယ်ဆိုတာလည်း ဒီလိုပါပဲ၊ သူတပါးအသက်ကို မသတ်ဘူး..ဒါမှမဟုတ် မငြင်းဆဲဘူးဆိုရင် ကျွန်တော်တို့ဟာ
အခြားသက်ရှိသတ္တ၀ါတွေကို ကြောင်ရွံ့မှု့မရှိဘဲ အေးချမ်းစွာနေနိုင်ဖို့ ခွင့်ပြုရာရောက်ပါတယ်၊ ဒါဟာ သူတပါးတွေရဲ့အပေါ်မှာ ကျွန်တော်တို့ပေးနိုင်တဲ့ အကောင်းဆုံးသော ထည့်ဝင်မှု့ပါပဲ၊ လူသားတွေ ကြောက်ရွံ့မှု့ သံသယဖြစ်မှု့တွေ မရှိဘဲ အေးချမ်းစွာ နေနိုင်ဖို့အရေး ကျွန်တော်တို့တတွေဟာ လိမ်လည်လှည့်ဖြားတာ ကောက်ကျစ်တာတွေကို ရပ်တန်းက ရပ်ပစ်သင့်ပါတယ်၊

ကျွန်တော်တို့ရဲ့တာဝန်တွေ သိတတ်မှု့တွေကို လိုက်နာတယ်ဆိုရင် လူသားဂုဏ်သိက္ခာတွေ ဥာဏ်ပညာတွေကို ထိန်းသိမ်းတာပါပဲ၊ အဲသလိုလုပ်ခြင်းအားဖြင့် ကျွန်တော်တို့တွေဟာ ဘ၀မှာ ငြိမ်းချမ်းမှု့ ညီညွတ်မှု့နဲ့ သာသာယာယာရှိမှု့တွေကို ဆက်လက်ခိုင်မာစေတာပါပဲ၊
ရော့ဘတ် ဖရော့စ် ရဲ့ "နံရံကို ပြုပြင်ခြင်း" ဆိုတဲ့ ကဗျာလေးထဲကအတိုင်း. ကျွန်တော်တို့ဟာ စိတ်စေတနာကောင်းတယ်ဆိုရင် အိမ်နီးနားချင်းတွေကလည်း စိတ်စေတနာကောင်းတယ်ဆိုရင် ခြံစည်းရိုးတွေဆိုတာ မလိုအပ်တော့ပါဘူးပေါ့၊

သမိုင်းမတင်မီ အတိတ်တချိန်က တချို့ အဖွဲ့အစည်းတွေဟာ တကယ်တော့ စံထားလောက်တဲ့ နေထိုင်မှု့ဘ၀တွေ ရှိခဲ့ကြပါတယ်၊ ဒါပေမဲ့ အထူးအားခြင့်တော့ စိုးရိမ်ထိတ်လန့်မှု့တွေများတဲ့ မြို့ပြ အဖွဲ့အစည်းတွေမှာတော့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့နဲ့ သူတပါးတွေကို စောင့်ရှောက်ဖို့ ဘာသာရေးဆိုတဲ့ ခြံစည်းရိုးတွေလိုအပ်ပါတယ်။
ဒါကို ဖြည့်ဆည်းဖို့ ကျွန်တော်တို့တွေဟာ ဘာသာတရားဆိုင်ရာ ကိုယ်ကျင့်တရားတွေ (သီလ)ကို စောင့်ထိန်းကြပါတယ်၊ သီလဆိုတာ စိတ်ကို ထိန်းကျောင်းတဲ့ စည်းကမ်းပါပဲ၊ ကျွန်တော်တို့ဟာ ဘာသာတရားဆိုင်ရာ စည်းကမ်းတွေကို စောင့်ထိန်းကြပါတယ်၊ ပျက်စီးစရာ အန္တရာယ်တွေ အဖြစ်သိလို့ပေါ့၊ ဗုဒ္ဓဘာသာရဲ့ သီလ ပညတ်တော်နဲ့ အခြားယုံကြည်မှု့တွေရဲ့ ဘာသာရေးဆိုင်ရာ ဥပဒေသတွေဟာ မတူညီကြပါဘူး၊ အချို့လူသားတွေဟာ သူတို့စည်းမျဉ်းတွေကို အပြစ်ပေးခံရမှာကြောက်လို့ လိုက်နာကြပါတယ်၊ အဲလို ငရဲနဲ့ခြောင်လန့်မထားဘူးဆိုယင် လူတော်တော်များများဟာ သူတို့ရဲ့ဘာသာရေးဆိုင်ရာ ဥပဒေသတွေကို လေးလေးနက်နက် လိုက်နာကြမှာ မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။

သီလ သို့မဟုတ် ကိုယ်ကျင့်တရားတွေကို စောင့်ထိန်းရာမှာ နှစ်မျိုးနှစ်စားရှိပါတယ်၊ သူတစ်ပါးအသက်ကိုသတ်တာဟာ ရက်စက်တယ်၊ သတ္တ၀ါတွေရဲ့အပေါ် ဆင်းရဲဒုက္ခတွေဖြစ်စေတယ်လို့သိပြီး သူတပါးအသက်သတ်ခြင်းမှရှောင်ကြဉ်တာကို "၀ိရတီ သီလ" လို့ခေါ်ပါတယ်၊ (မကောင်းမှျု့မှရှောင်ကြဉ်ခြင်း သီလ) တချိန်တည်းမှာပဲ ကြင်နာမှု့ ကိုယ်ချင်းစာမှု့ ညီညွတ်မှု့တွေကို ပွားများတာကိုတော့ "စာရိတ္တ သီလ" လို့ခေါ်ပါတယ်၊ (ကောင်းတာတွေကို ပြုလုပ်ခြင်း သီလ) ကျွန်တော်တို့ဟာ ဒီသီလနှစ်မျိုးစလုံးကို တည်ဆောက်ရပါမယ်။
ဥပဒေ အပြစ်ပေးမှု့တွေသာမရှိရင် လူသားတွေဟာ ဂရုဏာတရားကင်းမဲ့စွာနဲ့ မကောင်းမှု့တွေကို ကြူးလွန်ကြပါလိမ့်မယ်၊ ဗုဒ္ဓဘာသာမှာ တော့ သီလ သို့မဟုတ် ကိုယ်ကျင့်သိက္ခာတရားတွေကိုအောက်ပါ ရည်ရွယ်ချက်ကြောင့် ထိန်းသိမ်းကြပါတယ်၊ "ငါသည် မကောင်းမှု့မှန်သမျှမလုပ်ဘို့ရန်ကိုယ်နှုတ်စိတ်တို့ကိုထိန်းကျောင်းပါ၏၊ ယင်းသို့စောင့်ထိန်းခြင်းသည် ဘုရားသခင်ကြောင့်မဟုတ်၊ သူ့ရဲ့ ပြစ်ဒဏ်ခတ်မှု့ကို ကြောက်၍လည်းမဟုတ်၊ ဒီမကောင်းမှု့တွေဟာ မကောင်းမှန်းသိ၍သာ ရှောင်ကြဉ်ခြင်းဖြစ်၏၊ ငါသည် ဒဏ်ခတ်ခံရမှာ မကြောက်သလို ဆုပေးမှာကိုလည်း မလိုလားပါ၊ သတ္တ၀ါတွေရဲ့ ကောင်းကျိုးအတွက်သာ စောင့်ထိန်းပါသည်၊ ဤရလာဒ်သည် အခြားသတ္တ၀ါများနှင့် ကျွန်ုပ်ကိုယ်တိုင်ရဲ့ အကျိုးကို ဖြစ်ထွန်းစေပါ၏"။ မြတ်ဗုဒ္ဓကဟောခဲ့ပါတယ်၊ "ငါဘုရားသည် ကိုယ်ပိုင်အတွေ့အကြုံ များကိုအခြေခံ၍ အကြံပေး၏၊ ထိုအရာတို့သည် နတ်ဘုရားတစ်ဆူဆူကပေးထားသော စကားများမဟုတ်၊ ငါဘုရားသည် အတိတ်က မကောင်းမှု့များကိုပြုလုပ်ခဲ့ပြီး ယင်းအကျိုးဆက်များ၏ ဆင်းရဲဒုက္ခများကို ငါဘုရားအမှတ်ရတော်မူ၏၊ အခြားတဘက်ကလည်း ငါဘုရားသည် ဘ၀ပေါင်းများစွာဝယ် ကောင်းမှု့ကုသိုလ်များကို ပြုလုပ်တော်မူခဲ့၏၊ ထိုကောင်းမှု့များ၏အကျိုးကြောင့် ပျော်ရွင်ဖွယ်ကောင်း သော ငြိမ်းချမ်းသာယာသော ပြည့်စုံကြွယ်ဝသော ဘ၀များရရှိမှု့ကိုလည်း ငါဘုရားသိမြင်တော်၏၊ ထို့ကြောင့် ဘုရားသည် ကောင်းကျိုးရလာဒ်များ တွေ့ကြုံရရန် ကောင်းမှု့ကုသိုလ်များ ပြုလုပ်ကြဖို့ ငါဘုရား အကြံပေးတော်မူ၏"။ အသင်ဟာ ဒီအကြောင်းဟာတွေကို ပိုပြီးသိချင်တယ်ဆိုရင် မြတ်ဗုဒ္ဓရဲ့ ဘ၀ဖြစ်စဉ်တွေကို မှတ်တမ်းတင်ထားတဲ့ ဇာတ်တော်တွေကို ဖတ်ကြည့်နိုင်ပါတယ်။

ဗုဒ္ဓဘာသာမှာတော့ ပညတ်တော်တွေ တရားသေ၀ါဒတွေ ဘာသာရေးဥပဒေတွေနဲ့ ဘာသာရေး ပြစ်ဒဏ်ခတ်မှု့ တွေ မရှိပါဘူး၊ ဘာသာတရားဆိုတာ လူသားတွေကို ပြစ်ဒဏ်ခတ်ဖို့ မဟုတ်ဘဲ ဘာကိုလုပ်သင့်တယ်၊ ဘာကိုတော့ မလုပ်သင့်ဘူးဆိုတာကိုပဲ အကြံဥာဏ်ပေးသင့်ပါတယ်၊ အပြစ်လုပ်ထားမိသူဟာ အဲဒီအပြစ်ရဲ့ အကျိုးအဆက်ကို ခံစားရမှာပါပဲ၊ အဲဒါဟာ ဗုဒ္ဓ သို့မဟုတ် ဘာသာတရားက ပြစ်ဒဏ်ခတ်တာ မဟုတ်ပါဘူး၊ အပြစ်ကျူးလွန်သူရဲ့ ကာယကံကသာ သူ့ရဲ့ ငရဲနဲ့ကောင်းကင်ဘုံကို ဖန်တီးတာပါ။ အခြားဘယ်သူကမှ ကိုယ့်ရဲ့ အကောင်းအဆိုးကို မပြုလုပ်နိုင်ပါဘူး။

ရှေ့မှာ ပြောခဲ့သလိုပဲ ကျောက်ခေတ်လူသားတွေတောင် သဘာဝအလျောက် ကိုယ်ကျင့်တရားကောင်မွန်မှု့တွေ ရှိကြပါတယ်၊ ပြီးတော့ အမှားအမှန်ကို ခွဲခြားနိုင်စွမ်းရှိကြပါတယ်၊ လူ့အဖွဲ့အစည်းတွေ တိုးတက်လာတာနဲ့အမျှ အဲဒီ သဘာဝအသိတွေဟာ ကိုယ်ကျင့်တရားဥပဒေသတွေအဖြစ် လူ့လောကကိုထိန်းသိမ်းဖို့ ဥပဒေတွေ အမိန့် အာဏာတွေ အသွင်ပြောင်းလာခဲ့ပါတယ်၊ ဒါတွေကို လိုက်နာဖို့ နတ်ဘုရားနဲ့ဆိုင်တဲ့ ထာဝရဆုလာဘ်နဲ့ ထာဝရပြစ်ဒဏ်တွေကို ပိတ်ဆို့ကာကွယ်နိုင်ဖို့ ဘာသာရေးခေါင်းဆောင်တွေဟာ သူတို့ကိုသူတို့ ကိုယ်စားပြု တယ်လို့ ယုံကြည်ကြပါတယ်၊ နောက်ဆုံးရလာဒ်ကတော့ လူသားတွေဟာ လူ့ဝန်းကျင်မှာ လူသားဆန်တဲ့ အမူအကျင့်တွေကို ပြုကျင့်ဖို့ ထိန်းချုပ်ခံ အစီမံခံရပါတော့တယ်၊ ဒါ့ကြောင့်ပဲ ဘာသာတရားတွေဟာ အခြာင်းတဘက်ကကြည့်ရင် လူသားတွေရဲ့အကျိုးကိုရွက်ဆောင်တယ်ဆိုတဲ့ အဆိုကိုပြောလို့ရပါတယ်။


ယေဘုယျအားဖြင့် ပြောရယင် ဘာသာတရားတွေဟာ လောကကောင်းကျိုးတွေကို ထမ်းဆောင်နိုင်ခဲ့တယ်ဆိုတာ လက်ခံရပါမယ်၊ ဘာဒရန်ရပ်ဆယ်တို့လို တွေးခေါ်ပညာရှင်တွေကတော့ ဒါကို လက်မခံပါဘူး၊ သူကပြောပါတယ်၊ "ဘာသာတရားဟာ လူသားကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်စေခဲ့တယ် လို့ဆိုပါတယ်၊ ဘာသာရေးဆရာ အဖုံဖုံတို့ရဲ့ အမျိုးမျိုးသော ဟောပြောချက်တွေကြောင့် မနာလိုမှု့ မုန်းတီးမှု့ ခွဲခြားဆက်ဆံမှု့တွေရှိလာတယ်၊ ဘာသာတရားမရှိသူတွေဟာ ခိုက်ရန်ဖြစ်မှု့ ငြင်းခုံမှု့မရှိဘဲ ချမ်းချမ်းသာသာနေရတယ်၊ ဒါပေမဲ့ ဘာသာတရားရှိသူတွေမှာတော့ သူတို့ရဲ့ အဲဒီ မတူညီတဲ့ ဘာသာတရားတွေကြောင့်ပဲ မကြာခဏ ခိုက်ရန်တွေ ဖြစ်ရတယ်" လို့ သူကထောက်ပြပါတယ်၊ ဒါပေမဲ့ အများစုကတော့ ဒီအဆိုကို လက်ခံကြမှာ မဟုတ်ပါဘူး၊
တကယ်တော့ ဘာသာကြီးတွေဖြစ်တဲ့ ခရာစ်ယာန် ဗုဒ္ဓဘာသာ မွတ်ဆလင်နဲ့ ဟိန္ဒူဘာသာတွေဟာ လူသားတွေအကျိုးအတွက် အများကြီး လုပ်ဆောင်ခဲ့ပါတယ်၊ ဘာသာတရားရှိတာတောင်မှ လူသားတွေဟာ မကောင်းတာတွေလုပ်နေကြသေးရင် သူတို့အတွက် ယုံကြည်ကိုးကွယ်စရာ ဘာသာတရားမရှိယင် ဘယ်လိုများနေကြမလဲ၊
ဥပမာ-နိုင်ငံတိုင်းမှာ သက်ဆိုင်ရာအစိုးရတွေက ၂၄-နာရီအတွင်း ဥပေဒေများကို လိုက်နာစရာမလိုဘူးလို့ ကြေငြာမယ်ဆိုပါစို့၊ ဒီအချိန်ကာလလေးဟာ လူမျိုးအားလုံးကို ဖျက်ဆီးဖို့ လိုအပ်တာထက်ကို ပိုနေပါတယ်၊ လူသားတွေကို တားဆီးဖို့ ဘာသာတရားသာ မရှိယင် အခြေအနေဟာ ပိုဆိုးဝါးလာမယ်ဆိုတာ ပြောစရာတောင် မလိုပါဘူး၊ မှန်ပါတယ်၊ အရေးကြီးတာကတော့ လူသားတွေရဲ့ အပြုအမူတွေကြောင့်တော့ ဘာသာတရားကို မရှုတ်ချသင့်ပါဘူး၊
ပင်ကိုယ် စရိုက်သဘာဝကိုကကောင်းမွန်ပြီး ဘယ်ဘာသာရေးဆရာရဲ့ ညွန်ပြမှု့ကိုမှ မလိုအပ်ဘဲ ကိုယ်ကျင့်သိက္ခာကောင်းမွန်တဲ့သူတွေလည်း အများကြီးရှိတယ်ဆိုတာ ထည့်ပြောရပါလိမ့်မယ်၊ မြတ်ဗုဒ္ဓကဟောခဲ့ပါတယ်၊ "ဘာသာရေး သွန်သင်ချက်တွေကို ဖောင်လိုပဲ သဘောထားရမယ်၊ ဖောင်ဟာ ကမ်းတစ်ခုဆီကို ရောက်ဖို့အတွက် ကူညီရုံသက်သက်ပါပဲ၊ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှု့ရှိတဲ့လူတစ်ယောက်ဟာ ဂိုက်လိုင်းတွေဘာတွေ မလိုတော့ပါဘူး၊ သဘာဝလျောက် ကိုယ်ကျင့်သိက္ခာကောင်းနေလို့ပါပဲ၊ ဒါပေမဲ့ ကျွန်တော်တို့ လူအများစုမှာတော့ ကိုယ်ကျင့်သိက္ခာ စိတ်ဓာတ်ရေးရာပြည့်စုံမှု့အတွက်
ဘာသာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းဆိုတဲ့ ဖောင်ဆိုတာလိုအပ်ပါတယ်၊

No comments:

Post a Comment